စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဧပြီလ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်အချိန် စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ လင်းယဉ်ရွာ သစ်ကို ၁ ကြိမ် ၊ ယနေ့ မွန်း တည့် ၁၂ နာရီ ၅၂ မိနစ်အချိန် စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ကန်ကြီးရွာဘက်ကို ၁ ကြိမ် ဂျက် ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ်ဗုံး ကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုမသိရသေးကြောင်း သိရသည်။
“ပထမ ချတာက လင်းယဉ်ရွာသစ်ဘက်လို့ သိရပါတယ်။ ဒုတိယက ကန်ကြီးကုန်းဘက်လို့ သိရပါ တယ်။ အထိအခိုက် မသိရသေးပါဘူး” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကိုင်းမြို့နယ်တွင် စစ်ကြောင်းများခွဲ၍ ထိုးစစ်ဆင်နေသည့်အပြင် လေ ကြောင်း တိုက်ခိုက်မှုများကိုလည်း ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း၊ စစ်ကိုင်းမြို့နယ်အတွင်းတွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
