29 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၉ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းရှူးမြို့နယ် အတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မ တော် SSPP-SSA ရဲ့ တပ်စခန်း ၃ ခုကို စစ်ကောင်စီက ဆုတ်ခွာခိုင်းပေမယ့် ဆုတ်ခွာပေးမှာ မဟုတ်တဲ့ အပြင် ၊ အာရုံနောက်တဲ့ လုပ်ရပ်ဖြစ်ပြီး ၊ စစ်ကောင်စီက ထိုးစစ်ဆင်လာရင်တော့ တိုက်ပွဲဖြစ်နိုင်ခြေ ရှိတယ်လို့ SSPP က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
– တောင်အာဖရိကနိုင်ငံကနေ မိုးကျရွှေကိုယ် စစ်အရာရှိဟောင်း မြန်မာစီးပွားရေး -သံမှူး ကျော်ဆန်း ဟာ တာဝန်ပြီးဆုံးချိန် နေပြည်တော်ကို စစ်ကောင်စီက ပြန်လည်ခေါ်ယူရာမှာ မပြန်တော့ဘဲ ထွက်ပြေးသွားတယ်လို့ နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
– ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ စစ်တပ်ပိုင် Mytel တာဝါတိုင်စောင့် စစ်ကောင်စီရဲ့ အရာခံဗိုလ်-ရဲဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
-စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဘိုတဲ-ကျေးရွာကို ဇွန် လ ၈ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီ တပ်က ဝင်ရောက် စီးနင်းပြီး ၊ အသက် ၁၈ နှစ်အရွယ် ဇေယျာခိုင်ကို သတ်ဖြတ်မီးရှို့လိုက်တဲ့အပြင် ၊ ပြည်သူ ၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

https://youtu.be/cwPCAqiyyYc
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article