27 C
Yangon

စစ်ကိုင်းတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော ဆက်ကြေးကောက်နေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်းသေဆုံး

Must read

စစ်ကိုင်းတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော ဆက်ကြေးကောက်နေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်းသေဆုံး

ရန်ကုန်၊ ဧပြီ ၃၀

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော ဆက်ကြေးကောက်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သ တင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတက္ကသိုလ် အတွင်း အထိုင်ချ တပ်ဆွဲထားပြီး လမ်းသွား လမ်းလာ ပြည်သူကားများကို ဖမ်းဆီး ငွေညစ် တောင်းခံနေသော စစ်ကောင်စီ တပ်သားများနှင့် စစ်ကိုင်း ကံတလူ တိုးဂိတ်တွင် အထိုင်ချ တပ်ဆွဲပြီး ပြည်သူလူထုများကို ဖမ်းဆီး ငွေညစ် နေသော စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့ဝင်များက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ကိုင်းတက္ကသိုလ်ဂိတ်ကို ဝင်တိုက်တဲ့အချိန်မှာ စခတွေက ထမင်းချက်နေကြတာ၊ ၄၀ မမ ထုတဲ့ အချိန်မှာ ကိုးယောက်၁၀ ယောက်လောက်ရှိတဲ့ နေရာကို ၄၀ မမ တည့်ကျကွဲတယ်။ ပြီးတော့ ဂန်း ငယ်တွေနဲ့ ဝိုင်းပစ်ကြတာ၊ ကံတလူတိုးဂိတ်ကိုကျတော့ မိုင်းနဲ့စပြီးတိုက်တာ၊ မိုင်းပွိုင့်ထိထိမိမိကွဲတဲ့ အချိန်မှာ ဂန်းငယ်တွေနဲ့ တာဝန်ကိုယ်စီယူပြီး ဝိုင်းပစ်ခဲ့ကြတာပါ။ ကံတလူတိုးဂိတ်မှာက မိုင်းကွဲပြီး ပြီးချင်း ၃ ယောက်တော့ ကားယားကြီး‌ မြေပေါ်မှာ မှောက်ကျနေတာ၊ သေ၊ မသေတော့ အတိအကျ မသိဘူး။” ဟု လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ၊ သေဆုံးသွားသော စစ်သား အလောင်းများနှင့် ဒဏ်ရာရ စစ်သားများကို သယ်ဆောင်နေစဉ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပတ်ဝန်းကျင်ကို ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ပြည်သူလူထုပိုင် လယ်ယာမြေများအတွင်း ကျရောက်ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို လင်းယုန်ုညီနောင် ပျောက်ကြားတပ်ဖွဲ့ စစ်ကိုင်း နှင့် Sagaing PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article