27 C
Yangon

ရေဖြူမြို့နယ်၊ လဲရှောင်ရွာတွင် စခန်းချရန် ပြင်ဆင်နေသည့် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

ရေဖြူမြို့နယ်၊ လဲရှောင်ရွာတွင် စခန်းချရန် ပြင်ဆင်နေသည့် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၂

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ လဲရှောင်ရွာတွင် စခန်းချရန် ပြင်ဆင်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း Launglone Peninsula Force – LPF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ လဲရှောင်ကျေးရွာတွင် ထားဝယ်အထူးစီးပွားရေးဇုန် လည်ပတ်နိုင်ရန် စခန်းချရန် ပြင်ဆင်နေသည့် စစ်ကောင်စီ တပ်သားများကို ရေဖြူမြို့နယ် ပူးပေါင်း မဟာမိတ်အဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး စနိုက်ပါ ထိမှန်ကာသေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စနိုက်ပါ လက်ချက်နဲ့ ၂ ကောင်သေတာပဲ အတည်ပြုရသေးတယ်။ ၆ ယောက်တော့ ဒဏ်ရာရတယ်လို့ ရွာသားတွေ ပြောလာတာတော့ရှိတယ်။ ရေနက်ဆိပ်ကမ်းထဲတော့များတယ်။ လဲရှောင်မှာ စခန်းလာထိုင်တာက ၇၀ ကျော်ရှိပါတယ်” ဟု Launglone Peninsula Force – L P F မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဖြူပကဖ) ၊ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း ၊T1 ၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်(TPLF) သာဂရစစ်ကြောင်း၊ ဒေါနစစ်ကြောင်း(၃) တပ်ခွဲ-၄(KBDF)၊ တပ်ခွဲ-၆(ဝေဟင်)၊ တပ်ခွဲ-၇(LPF) ၊ DNLA ၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး(DDPDF) ၊ DGRF ၊ TPDF ၊ ဗထူးတပ်ရင်း ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ ၊ ရွှေဘီလုံး နှင့် ရပ်ရွာလုံခြုံရေးအဖွဲ့(ပလဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ် ပူးပေါင်းမဟာမိတ်အဖွဲ့သည် စုဖွဲ့မှု ပိုမိုကောင်းမွန်စွာဖြင့် အကြမ်းဖက် စစ်‌ကောင်စီကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံတပ်သားများအနေဖြင့်လည်း ပြည်သူလူထုနှင့်အတူ အမြန်ဆုံး ပူးပေါင်းပါဝင်ကြရန် Launglone Peninsula Force – LPF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article