Khit Thit သတင်းဌာန၏ မေ ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မေ ၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကို အရှင်လတ် လတ် လည်လှီးသတ်ဖြတ်မှု အပါအဝင် ပြည်သူ အယောက် ၂၀ ကျော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုပြီး တော်လှန်ရေးတပ်တွေ အရှင်ဖမ်းဆီးရမိထားတဲ့ ပျူစောထီးခေါင်းဆောင် လှိုင်မင်း ဆိုသူက ဝန်ခံပြောဆိုလာပြီး ၊ စစ်တပ်အရာရှိတွေကိုယ်တိုင် ပြည်သူတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တာလို့ ထွက်ဆိုလာပါတယ်။
မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် အိုးအိမ်ပျက်ဆီး ပြိုကျသွားတဲ့သူတွေအနေနဲ့ လစဉ်ပေးဆောင်ရ မယ့် မီတာခတွေကို မပေးဆောင်ရင် လျှပ်စစ်မီတာဘောက်တွေကို သိမ်းဆည်းပစ်မယ်ဆိုပြီး စစ်ကောင်စီက အတိအလင်း အသိပေးလာပြန်တယ်လို့ သိရပါတယ်။
-စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ ဝက်တိုးကျေးရွာနဲ့ ကာဘိုးကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက အသင့်စောင့်ပြီး တိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား ၅ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီးတွေကို သေကုန်ကြတဲ့အပြင် ၊ နောက်ထပ် စစ်သား ၁ ဦးကိုပါ အရှင်ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
