32 C
Yangon

ကျွန်းစုမြို့နယ်၊ ဝါရစ်ရွာတွင် ကိုယ့်ကိုကို သေနတ်ဖြင့် ပစ်ခတ်၍ အဆုံးစီရင်သွားသော စစ်ကောင်စီ တပ်သား အလောင်းကို လာကောက်သည့် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး

Must read

ကျွန်းစုမြို့နယ်၊ ဝါရစ်ရွာတွင် ကိုယ့်ကိုကို သေနတ်ဖြင့် ပစ်ခတ်၍ အဆုံးစီရင်သွားသော စစ်ကောင်စီ တပ်သား အလောင်းကို လာကောက်သည့် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၃

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ဝါရစ်ကျေးရွာတွင် ကိုယ့်ကိုကို သေနတ်ဖြင့် ပစ်ခတ်၍ အဆုံးစီရင်သွားသော စစ်ကောင်စီ တပ်သား အလောင်းကို လာကောက်သည့် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့ ညပိုင်းတွင် ကျွန်းစုမြို့နယ်၊ ဝါရစ်ကျေးရွာ၌ ကိုယ့်ကိုကို သေနတ်ဖြင့် ပစ်ခတ်ပြီး အဆုံးစီရင်သွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အလောင်းကို ဒီမောင်းလှော်ရွာရှိ ပျူစောထီးများက ကားဖြင့် လာကောက်စဉ် တော်လှန်ရေး တပ်ဖွဲ့များက ပြင်ဝန်းကြီးရွာနားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။

ယင်း ပျူစောထီးများသည် အင်အား ၁၀ ဦးခန့်ဖြင့် ရုပ်အလောင်း လာရောက် ကောက်ယူခြင်းဖြစ်ပြီး မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ပျူစောထီး ခေါင်းဆောင် ထွန်းဝေ ပွဲချင်းပြီးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ပွဲချင်းပြီးတာတော့ ပျူစောထီး ခေါင်းဆောင်ဖြစ်တဲ့ ထွန်းဝေ သေသွားတယ်။ ထိခိုက်ဒဏ်ရာကတော့ တော်တော်များတယ်လို့ ပြောတယ် ဒါပေမယ့် ကျွန်တော်တို့ စုံစမ်းသိရ သလောက်ကတော့ ၄ယောက်ထိတယ်လို့ သိရတယ်။ အင်အားကတော့ ၁၀ ယောက်လောက်တော့ရှိမယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article