32 C
Yangon

မတ္တရာမြို့နယ်၊ ရွာတန်းရှည်ရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရ

Must read

မတ္တရာမြို့နယ်၊ ရွာတန်းရှည်ရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ မေ ၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွာတန်းရှည်ရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၉ မိနစ်ခန့်တွင် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ရွာတန်းရှည်ကျေးရွာ စာ သင်ကျောင်းအတွင်းကို တံတားဦး လေတပ်မှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ K8-W ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ယင်း လေကြောင်း တိုက်ခိုက်မှုအတွင်း အမျိုးသမီး ၁ ဦးသေဆုံးကာ ပြည်သူ ၄ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပြီး နွား ၁ သေဆုံးကာ စာသင်ကျောင်းဆောင် အဆောက်အဦးများလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“သေဆုံးသွားတဲ့ အမျိုးသမီးကတော့ အသက် ၂၅ နှစ် ဝန်းကျင်လောက်ပဲရှိတယ်။ ဒဏ်ရာရတာက အမျိုးသား ၁ ဦးနဲ့ အမျိုး သမီး ၃ ဦးပေါ့” ဟု ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

ပြည်သူများ အနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီနှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန် ကာကွယ်နိုင်ရန် အတွက် ဗုံးခိုကျင်းများ တူးထားကြရန် ပြင်ဦးလွင်ခရိုင် ပကဖ က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article