29 C
Yangon

စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာနှင့် ထုံးကြီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များ မီးလောင်ပြာကျ

Must read

စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာနှင့် ထုံးကြီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များ မီးလောင်ပြာကျ

ရန်ကုန်၊ မေ ၄

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာနှင့် ထုံးကြီးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း စဉ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၃ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် လက်ပန်လှကျေးရွာ၊ ပြည်စိုးအောင်ရပ်ကွက် မူလအောင်မြေဘုန်းကြီးကျောင်း အရှေ့မြောက်ဘက်ရှိ လယ်ကွင်းထဲကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ယင်းနေ့ ည ၁၀ နာရီ ၄၈ မိနစ်နှင့် ၅၄ မိနစ်နှင့် ၅၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ထပ်မံပြီး လက်ပန်လှ တံတားအနီးနှင့် ငြိမ်းချမ်းအောင် ရပ်ကွက်ကို လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ည ၁၀ နာရီ ၅၈ မိနစ်ခန့်တွင် ထုံးကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အသက် ၃၀ နှစ် အရွယ် အမျိုးသား ၁ ဦးသေဆုံးကာ ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article