ထိုင်း-မြန်မာနယ်စပ် မဲဆောက် စည်ပင်ရုံးပတ်ဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်နေသော သေနတ်သမားတစ်ဦး လွတ်မြောက်နေ၍ ထိုင်းအာဏာပိုင်များက ပိတ်ဆို့ရှာဖွေနေပြီး မြန်မာအများစု သတိထားရန် လိုအပ်
ရန်ကုန်၊ မေ ၆
ထိုင်းနိုင်ငံ၊ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်စည်ပင်ရုံးအနီးပတ်ဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်မှု လုပ်နေသော သေနတ်သမား ၁ ဦးလွတ်မြောက်နေ၍ ထိုင်းအာဏာပိုင်များက လမ်းများကို ပိတ်ဆို့ကာ စီးနင်းရှာဖွေမှုများ လုပ်ဆောင်နေရကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ယနေ့ မေလ ၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ စည်ပင် ရုံးအနီးတွင် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းနောက် သေနတ်သမား ၁ ဦး ထွက်ပြေး ပုန်းအောင်းနေ၍ ယင်းနေရာကို ထိုင်းရဲနှင့်စစ်တပ်က ပိတ်ဆို့ ရှာဖွေမှုများ လုပ်ဆောင်နေရကြောင်း၊ မဲဆောက်မြို့ စည်ပင်ရုံးအနီးရှိ ဆီဆိုင်မှ အလုပ်သမားများကို ထိုင်းရဲတပ်ဖွဲ့ က ကယ်ထုတ်သွားပြီး အဆိုပါပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့ထားဆဲဖြစ်ကြောင်း သိရှိရသည်။
“မယ်ပဘက်က လာရင် မဲဆောက်စည်ပင်ရုံးပတ်ဝန်းကျင်ဘက်ပေါ့။ အကုန်ပိတ်ဆို့ထားတယ်။ ထိုင်းရောက် မြန်မာနိုင်ငံသားတွေ သတိထားသွားလာဖို့ လိုတယ်။ သေနတ်သမားက လွတ်နေတုန်းပဲလို့ပြောတယ်။ အခု ထိုင်းစစ်တပ်၊ ရဲ၊ အကြမ်းဖက်နှိမ်နင်းရေးတွေ၊ လ၀ကတွေရော အကုန်ရောက်နေကြပြီ။ ဌာနပေါင်းစုံပဲ” ဟု မဲဆောက်မြို့မှ မြန်မာတစ်ဦးက ပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူအများစု၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ကြသည့်အပြင် KNU နှင့်ဆက်နွယ်သော ကရင်တိုင်းရင်းသားအများအပြား လည်း နေထိုင်ကြသည်။
လွတ်မြောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ထိုင်း ရဲတပ်ဖွဲ့မှ သေနတ်သမား ကိုရှာဖွေနေပြီး အဆိုပါလမ်းဆုံနှင့် ဧရိယာ တဝိုက်ကိုပိတ်ဆို့ထား တယ်လို့ကနဦးသိရပါတယ်။ လူအထိခိုက် အခြေနေကိုေတာ့မသိရသေးပါဘူး။



