26.4 C
Yangon

မြိုင်မြို့နယ်၊ ပေါက်ပင်ကိုင်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က မီးရှို့ ဖျက်ဆီး

Must read

မြိုင်မြို့နယ်၊ ပေါက်ပင်ကိုင်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ မေ ၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပေါက်ပင်ကိုင်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း M.V.P Revolution Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၅ ရက်နေ့တွင် မြိုင်မြို့နယ်၊ ပေါက်ပင်ကိုင်၊ သစ်ကြီးတော နှင့် လေတန်ရွာကို ခြေကုတ်ယူ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများက ပေါက်ပင်ကိုင်ရွာ ဘုန်းကြီးကျောင်းကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ မီးရှို့ဖျက်ဆီးပြီးနောက် စစ်တပ် စစ်ကြောင်းသည် အရှေ့မြောက်ဘက်ကို လက်နက်ကြီးများ၊ စက်ကလေးများဖြင့် ပစ်ခတ်ပြီး ထွက်ခွာ လာစဉ် တော်လှန်ရေး ရဲဘော်များနှင့်လည်း ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ပခုက္ကူက ထွက်လာတာတော့ အင်အား ၂၀၀ နဲ့ပေါ့။ ညောင်ဂျစ်ပင်ဘက်မှာ ၁၀၀ ဒီဘက်ထွက်လာတော့ ၁၅၀ လောက်ထိပါတယ်။ ဒီကောင်တွေ အင်အားကျန်ရင်တော့ အင်အား ၁၂၀ လောက်တော့ ကျန်မယ်။ ကျွန်တော်တို့ ညနေကတော့ မြင်တယ်။ သူတို့တက်လာတာကိုမြင်တယ်။ ကျွန်တော်တို့ ရဲဘော်တွေနဲ့ ထိတွေတိုက်ပွဲလေးဖြစ်သေးတယ်။ သူတို့ဘက်တော့ ကောင်တာ ထောက်တယ်။ စစ်ခွေးတွေက စက်ကလေး ကုတ်ပြီးတော့ ဖြေးဖြေးချင်းတက်နေတဲ့ပုံစံပဲ ခန့်မှန်းလို့ရတယ်” ဟု M.V.P Revolution Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article