28 C
Yangon

ရေဖြူမြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး၊ စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်

Must read

ရေဖြူမြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး၊ စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်

ရန်ကုန်၊ မေ ၇

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံးကာ စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း Kanbauk Defense Force မှ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ရေဖြူမြို့နယ်၊ စိန်ဘုံကျေးရွာအနီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများကို ဒေါနစစ်ကြောင်း ၃ မှ တော်လှန်ရေး ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးကာ ပြည်သူ ၂ ဦးကိုလည်း စစ်ကာင်စီ တပ်သားများက ဖမ်းဆီး ပစ်သတ် ခဲ့ကြောင်း သိရသည်။

ထို တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်များဘက်မှ 16-KR အရှည် ၁ လက် ၊ ပစ္စတို ၁ လက်နှင့် ကျည်ဘောက် ၂ ခု ဆုံရှုံးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခရီးသွား ပြည်သူများကို ဖမ်းဆီး စစ်ဆေး ခြိမ်းခြောက်မှုများလည်း ပြုလုပ်သွားကြောင်း သိရှိရသည်။

“စစ်ခွေး သတ်သွားတဲ့ ပြည်သူ ၂ ဦးကို ဘုရားသုံးဆူ ရွာသားပါ။ စစ်ခွေး သတ်သွားတဲ့ ပြည်သူ ၂ ဦး ကတော့ အမျိုးသား ၂ ဦး ပါ။ အသက်အရွယ် ၃၉နှစ် အမျိုး သား ၁ ဦး၊ အသက်အရွယ် ၄၀ နှစ်အရွယ် အမျိုးသား ၁ ဦးပါ။ နတ်ကြီးစင်ရွာက အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးကိုလည်း ဖမ်းဆီးထားတာ လွတ်မြောက်မှု မရှိသေးပါဘူး။ စစ်ခွေး အသတ်ခံရတဲ့ အမျိုးသား၂ ဦးနဲ့အတူ ဖမ်းခေါ်သွားပြီး အမျိုးသမီးကတော့ ပြန်လွတ်ခြင်း မရှိသေးပါဘူး။ အဲအမျိုးသမီးကို အခု လက်ရှိ မောရဝတီ ရေတပ်မှာ ဖမ်းထားတယ်လို့ သတင်းရပါတယ်” ဟု Kanbauk Defense Force မှ ရဲဘော်တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် ဘုရားသုံးဆူ၊ စိန်ဘုံကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေး ဆက်လက် တင်းမာလျက်ရှိပြီး ပြည်သူများ အနေဖြင့် ထိုကျေးရွာများသို့ ခရီးသွားလာခြင်းများ ရှောင်ကျဉ်ကြရန် တော်လှန်ရေး ပူးပေါင်းမဟာမိတ် တပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article