တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာနှင့် ထန်းပင်ကန်ရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၇ လုံးပျက်စီး
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာနှင့် ထန်းပင်ကန်ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၇ လုံးပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၅ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီ ၄၅ မိနစ်ခန့်တွင် မိတ္ထီလာ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ် လေထီး ၃ စီးသည် ဇရပ်ကြီးရွာနှင့် ထန်းပင်ကန်ရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ကျေးရွာနေ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၇ လုံးပျက်စီးခဲ့ပြီး နွား ၁ ကောင်လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
” မေလ ၅ ရက်နေ့ နံနက်အစောပိုင်းက မိတ္ထီလာ လေတပ်က တက်လာသော စက်တပ်လေထီး ၃ စီးနဲ့ ဇရပ်ကြီးရွာနဲ့ ထန်းပင်ကန်ရွာပေါ်ကို ဗုံးသီးတွေ ကျဲချ တိုက်ခိုက်သွားတာ ပြည်သူ ၁ ဦးထိခိုက် ဒဏ်ရာရတယ်။ နေအိမ် ၇ လုံးလည်း ပျက်ဆီးတယ်။ နွား တစ်ကောင်လည်း ဒဏ်ရာရတယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


