ဒီကနေ့ မေ ၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အာရက္ခတပ်တော် AA နဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်မှုအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပယ်ချလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီဒီယာတွေမှာ ဖော်ပြ ထားပါတယ်။
- ရန်ကုန်တွင် မေလ ၆ ရက်နေ့ ညပိုင်းက ငလျင်လှုပ်လို့ ပြည်သူတွေ လမ်းပေါ် ဆင်းပြေးချိန် လမ်းပေါ်ထွက် လာတဲ့လူငယ်တချို့ ကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရတဲ့ လူငယ်တချို့ရဲ့ မိတ်ဆွေ တချို့က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- ကရင်ပြည်နယ်၊ ဘားအံမြို့ တောင်ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၂ ဦးကို ဘားကုတ် ဂိုဏ်းဝင် ရာဇဝတ်အကျဥ်းသားတွေက အုပ်စုဖွဲ့၍ သတ်ဖြတ်ဖို့ ကြိုးပမ်းရာမှာ နိုင်ငံရေးအကျဉ်းသား ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
