30 C
Yangon

Khit Thit သတင်းဌာန၏ မေ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • လားရှိုးမြို့ကို MNDAA က သိမ်းပိုက်တဲ့အချိန် အကြမ်းဖက် စစ်ကောင်စီရဲ့ ရမခ တိုင်းစစ်ဌာနချုပ်ကနေ လက်နက်ချ အညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သေဆုံးပျောက်ဆုံး အရာရှိ စစ်သည်တွေရဲ့ ဇနီး နဲ့ မိသားစုတွေအားလုံးကို စစ်ကောင်စီက ခံစားခွင့်နဲ့လစာတွေ မပေးတော့ပဲ ရပ်ဆိုင်းထားတယ်လို့ လားရှိုးဖြစ်စဉ်မှာ ပျောက်ဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ၁ ဦးရဲ့ ဇနီးက ပြောပါတယ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA သိမ်းပိုက်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နဲ့ မိုးမိတ် မြို့နယ်တွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး နဲ့ ဌာနဆိုင်ရာ ဝန်ထမ်း တွေကို စစ်ကောင်စီက ပြည်လည်စုစည်းခေါ်ယူနေပြီး ယာယီရုံးတွေမှာ ယန္တရားကို ဆက်လက်လည် ပတ်ခိုင်းနေသလို ၊ သိမ်းပိုက်ခံထားရတဲ့ မြို့နယ်တွေကို အချိန်မရွေး ပြန်ဝင်အုပ်ချုပ်နိုင်အောင် အသင့်ပြင်ခိုင်းထားပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာအနီး ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို KNLA-PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီရဲ့ ခမရ ၄၃၂ က ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးမင်းထက် အပါအဝင် စစ်သားအယောက် ၃၀ ဝန်းကျင်ကတော့ အသီးသီး သေကုန်ကြပြန်ပြီး အလောင်းတွေပါ ရရှိထားသလို ၊ စစ်ကြောင်းတစ်ကြောင်းလုံးလည်း ဖရိုဖရဲနဲ့ နောက်ပြန်ဆုတ်ပြေးသွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article