26.8 C
Yangon

သာစည်မြို့နယ်၊ အုတ်တွင်းကျေးရွာတွင် လူစုလူဝေးလုပ်သည်ဟုဆိုကာ စစ်တပ်နှင့်ရဲက ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာများဖြင့် ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇွန် ၁၁

မန္တလေးတိုင်း၊ သာစည်းမြို့နယ်၊ အုတ်တွင်းကျေးရွာတွင် လူစုလူဝေးလုပ်သည်ဟုဆိုကာ စစ်တပ်က ဝင်ရောက်ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦးကို ဒဏ်ရာများဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇွန်လ ၉ ရက်နေ့ ညပိုင်း သာစည်မြို့နယ်၊ အုတ်တွင်းကျေးရွာအတွင်းတွင် စစ် တပ် နှင့်ရဲက လာရောက်ကင်းလှည့်စဉ် လူစုလူဝေးဖြင့် ဖဲ၀ိုင်းပြုလုပ်နေ သည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်တပ်နှင့်ရဲက အုတ်တွင်းကျေးရွာသူ ကျေးရွာသားများကို ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ဦးကုလားကြီးဆိုသူသေဆုံးပြီ ၁ဝ ဦးထက်မနည်းလည်း ဒဏ်ရာများဖြင့် ဖမ်းဆီး ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“သာစည်မှာ သိပ်မကြာသေးခင်က ကြံ့ဖွတ်ပါတီဝင် တစ်ဦး အသတ်ခံရတယ်။ အဲဒါ စစ်တပ်နဲ့ ရဲက ရွာတွေကို ပတ်ပြီး ပြဿနာရှာနေတာ။ အခုကလည်း လူစုလူဝေးနဲ့ ဖဲ၀ိုင်းလုပ်တယ်ဆိုပြီး ဝင်ပစ်တာ ၁ ဦး သေပါတယ်။ ဦးကုလားကြီးသေတာက။ ၁၀ ဦးထက်မနည်း အဖမ်းခံရတယ်။ ဒဏ်ရာတွေနဲ့။ သာစည်ရဲစခန်းမှာ။ ပစ်ခတ်တာကတော့ လူစုလူဝေးထဲကို တည့်တည့် ပစ်တာ၊ အကုန်အသေပစ်တာဗျ။ ဘာလို့ ဒီလောက်ကြီး ရက်ရက်စက်စက် လုပ်သလဲဆိုတာ နားမလည်တော့ဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်နှင့်ရဲ၏ ပစ်ခတ်မှုကြောင့် ဇွန်လ ၉ ရက်နေ့ ညပိုင်းတွင် သေဆုံးသူ ဦးကုလားကြီး၏ ရုပ်အလောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article