30 C
Yangon

ပေါက်မြို့နယ်၊ မြေခြားကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက် မီးဝင်ရှို့နေပြီး ကျေးရွာမှ ပြည်သူများအားလုံး ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဇွန် ၁၁

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ မြေခြားကျေးရွာကို အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများက ယနေ့ နေ့လယ်ပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက်မီးရှို့နေသဖြင့် ပြည်သူများအားလုံး ထွက်ပြေးနေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း၊ ပေါက်မြို့ နယ်၊မြေခြားကျေးရွာကို စစ်တပ်နှင့်ပျူစောထီးများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ဝင်ရောက်လာကြောင်း၊ ထို့နောက် ကျေးရွာထဲရှိ နေအိမ်များကို အကြောင်းမဲ့သက်သက် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

“မြေခြားကျေးရွာမှာ အိမ်ခြေ ၁၄၀ လောက်ရှိတယ်။ စစ်တပ်နဲ့ပျူစောထီးတွေက တိုက်ပွဲမဖြစ်ဘဲ ရွာထဲကို ပစ်ခတ်ပြီး ဝင်လာတာ။ ရွာသူရွာသားတွေ အကုန်ပြေးနေရပြီး။ တစ်ရွာလုံးရှို့ခံနေရတယ်။ ရွာထဲကို ဝင်လို့မရသေးတော့ ဖမ်းဆီးခံရတာတို့ ပစ်ခတ်သတ်ဖြတ်ခံရတာတွေ ရှိ၊ မရှိ မသိရသေးဘူး။ အခု လက်နက်တွေနဲ့ပစ်နေတုန်းပဲ။ အိမ်တွေကိုလည်း မီးရှို့နေတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပေါက်ဒေသသတင်းရင်းမြစ်၏ သတင်းဖော်ပြချက်အရ လက်ရှိတွင် မြေခြား ကျေးရွာဘက်သို့ စစ်သားအင်အား ၁၂ ဦးပါ ကားတစ်စီးနှင့်် ဆိုင်ကယ် ၂စီး အင်အားထပ်ဖြည့်လာကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်နှင့်ပျူစောထီးများက မီးဝင်ရှို့နေသော ပေါက်မြို့နယ်တောင်ပိုင်း၊ မြေခြားကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article