ဒီကနေ့ မေ ၁၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ ဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို မူလအတိုင်းသာ ဆောက်လုပ်ရမယ်လို့ စစ်ကောင်စီ သာသနာရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ထားပေမယ့် ဆောက်လုပ်ခွင့်နဲ့ ဖြိုဖျက်ခွင့်တွေ လုံး၀ချထားမပေးဘဲ ပိတ်ပင်ထားတယ်လို့ ရမည်းသင်းအခြေစိုက် ဗလီကျောင်းတော်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
- ရခိုင်ပြည်၊ ရသေ့တောင်မြိုနယ် ထွန်းရဝေကျေးရွာ (ဟောင်း) ကို မေလ ၁၃ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်လောက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကနေ တိုက်လေယာဉ်တစ်စီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချခဲ့ရာ ကလေးငယ်တွေနဲ့ မိခင်တွေအပါအဝင် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးသွားတယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။
- မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆန်းသစ်ကျေးရွာအနီး စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦးအပါအဝင် စစ်သားတွေ သေဆုံးမှုများပြားသလို PDF ၁ ဦး ကျဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
