34 C
Yangon

အင်းတော်ကြီးတွင် KIA ပူးပေါင်းတပ်နှင့် စစ်တပ် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦး သေဆုံး၊ ပေါက်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၅ ဦး သေဆုံး၊ ရေစကြိုတွင်လည်း စစ်တပ်နှင့် PDFတိုက်ပွဲဖြစ်

Must read

ရန်ကုန်၊ ဇွန် ၁၁

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနောက်ဘက်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးကြောင်း သတင်းရရှိသည်။

တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးကာ ပြန်လည်ဆုတ်ခွာသွားကြောင်း အနီးဝန်းကျင်ရှိ အလုပ်သမား ပြည်သူ ၃ ဦးကို အကြောင်းမဲ့ ဖမ်း ဆီး သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA အမှတ် ၈ တပ်မဟာ၊ တပ်ရင်း ၂၆ ထိန်းချုပ်နယ်မြေအတွင်း တည်ရှိသည်။

အလားတူ ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ချောင်းဝကျေးရွာကို မီးရှို့ဖျက်ဆီးရန်လာသော အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများကို ပခုက္ကူတော်လှန်ရေးတပ်ဦး PRF က မိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု နာရီဝက်ကြာခန့် ဖြစ်ပွားကာ ပျူစောထီး တင်ညိုအပါအဝင် ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရကြောင်းသိရှိရသည်။

သေဆုံးသူ ပျူစောထီးတင်ညိုသည် ရွှေဘုံသာရွာမှ ပျူစောထီးခေါင်းဆောင်တဦးဖြစ်ကြောင်း၊ တိုက်ပွဲအပြီး၌ ဖုန်း ၂ လုံးနှင့် MA3 သေနတ် ကျည်အိမ် ၁ ခု သိမ်းဆည်းရမိကြောင်း PRF ထံမှ သိရှိရသည်။

အလားတူ ယမန်နေ့ ဇွန်လ ၁၀ ရက် ညနေ ၅ နာရီဝန်းကျင်၌ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်တပ်နှင့် PDF ရေစကြိုကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက်ကို မသိရသေးကြောင်း PDF ရေစကြိုက သတင်းထုတ်ပြန်သည်။

တိုက်ပွဲတွင် PDF ရေစကြိုက ၄၀ မမ လက်နက်ကြီး ၃ လုံးအပါအဝင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်သားများသည် အရပ်ဝတ်များ ဝတ်ဆင်ကာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF များအဖြစ် ဟန်ဆောင်ပြီး လှုပ်ရှားနေခြင်းကြောင့် ပြည်သူများ သတိပြု ရှောင်ရှားကြရန် တိုက်တွန်းထားသည်။

ဓါတ်ပုံ – ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article