ရန်ကုန်၊ ဇွန် ၁၁
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် တောကြီးမြွေပွေးအဖွဲ့က ပေါက်ကွဲမှု အား ကြီးသော ဒုံးလက်နက်များ တီထွင် ထုတ်လုပ်နိုင်ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။
ပြင်းအားနှင့် ပေါက်ကွဲမှုအားကြီးသော ဒုံးလက်နက်များကို တီထွင်ထုတ်လုပ်နိုင်ကြောင်း၊ ပြည်တွင်းပြည်ပမှ ပြည်သူများအနေဖြင့် တောကြီးမြွေပွေး အဖွဲ့ကို ကူညီထောက်ပံ့ကြရန် တောကြီးမြွေပွေး အဖွဲ့က မေတ္တာရပ်ခံထားသည်။



