ရန်ကုန်၊ ဇွန် ၁၁
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ကြံ့ဖွတ်ရုံး ဇွန်လ ၁၁ ရက်နေ့ ယနေ့ည ၁၀ နာရီခွဲအချိန် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“မဲဆောက်ဘက်ကနေတောင် ကြားရတယ်။ ပေါက်ကွဲသံက အတော်ကို ကျယ်တယ်” ဟု မဲဆောက်ဘက်ခြမ်းတွင် နေထိုင်သူ မြန်မာတစ်ဦးက ပြောသည်။
မြ၀တီမြို့ခံတစ်ဦးကလည်း ယင်းဗုံးပေါက်ကွဲမှုကြောင့် အိမ်များတုန်သွားပြီး လူ ထိခိုက်မှု ရှိ၊ မရှိ မသိရသေးဘူး ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“မြေကြီးတွေ အိမ်တွေပါတုန်တာ။ ဗုံးက ကြံ့ခိုင်ရေးရုံးရှေ့မှာလို့ ပြောတယ်။ ရုံးထဲမှာ လူရှိရင်တော့ ထိခိုက်မှုရှိလောက်တယ်။ အရမ်းပြင်းတယ် ဗုံးတယ်” ဟု မြ၀တီမြို့ခံတစ်ဦးက ပြောဆိုသည်။


