လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ILO ပုဒ်မ ၃၃ အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြရန် တောင်းဆိုသည့် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ILO ပုဒ်မ ၃၃ အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြရန် တောင်းဆိုသည့်အနေနှင့် မေလ ၁၇ ရက်နေ့ ညနေပိုင်းတွင် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။


