25 C
Yangon

ရွှေဘိုမြို့နယ်၊ ဆည်ကြီးကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက် မီးရှို့နေပြီး မောင်းတက်နှင့်အုန်းပေါက် ကျေးရွာများကိုလည်း ဝင်မွှေ၊ အနီးအနား ကျေးရွာ ၈ ရွာမှ ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဇွန် ၁၂

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ ဆည်ကြီးကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက် မီးရှို့နေပြီး မောင်းတက်နှင့်အုန်းပေါက် ကျေးရွာများကိုလည်း ဝင်မွှေနေသဖြင့် အနီးအနား ကျေးရွာ ၈ ရွာမှ ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့ နံနက်အစောက်ပိုင်းတွင် မောင်းတက်ကျေးရွာနှင့် အုန်းပေါက်ကျေးရွာကို စစ်တပ်က ပစ်ခတ် ဝင်ရောက် စီးနင်းကြောင်း၊ ယင်းနောက် အိမ်ခြေ ၁၀၀ ခန့်ရှိသော ဆည်ကြီးကျေးရွာကို မီးရှို့နေသဖြင့် အနီးအနားဝန်းကျင်ရှိ တအုံရွာ ၊ကြိုးကြာ၊ တကန်သာ၊ ကံကြီးတော၊ ဂွေးကုန်း၊ သဲကျွန်း၊ ငပိအိုး၊ ကျောက်မန်းကန် ကျေးရွာများမှ ရွာသူရွာသား စစ်ဘေးရှောင်သည့်အနေဖြင့် ထွက်ပြေးနေရကြောင်း သိရှိရသည်။

လက်ရှိအချိန် ဟံလင်းပျူမြို့ဟောင်း အပါအဝင်အခြားကျေး ရွာများအားလုံးမှ ပြည်သူများလည်း နေအိမ်များကို စွန့်ခွာ၍ ထွက်ပြေးနေရကြောင်း သိရှိရသည်။

“စစ်တပ်က ရွာစဥ်ပတ်မွှေနေပြီး။ ဆည်ကြီးကျေးရွာကို မီးတွေရှို့နေတယ်။ မောင်းတက်ရွာဘက်မှာ မနေ့က တိုက်ပွဲတစ်ခုလို လက်နက်ကြီးတွေနဲ့ပစ်တော့ ရွာသူရွာသားတွေအကုန် မကပ်ရဲဘူး။ တောထဲတွေမှာနေနေရတယ်။ အခုကဆည်ကြီးကို ဝင်မွှေမီးရှို့နေတာ။ ဆည်ကြီးရွာအနောက်ဘုရားမှာလည်း စစ်တပ်က တပ်စွဲထားတယ်” ဟု ဒေသခံတစ်ဦးက အခြေအနေကို ရှင်းလင်းပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article