ရန်ကုန်၊ ဇွန် ၁၂
ယနေ့နံနက်ပိုင်း မန္တလေးမြို့လူစည်ကားရာစျေးတစ်ခုအနီးရှိ တံတားပေါ်တွင် “ထောင်တွင်းတိုက်ပွဲများနှင့်အတူရပ်တည်ကြ” ဟူသော စာသားပါဘန်နာကို ချိတ်ဆွဲခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံစာသားများကို မန္တ လေး သပိတ်အင်အားစုက ဖြန့်ကျဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားကြသည်။
အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် ဖိနှိပ်ချုပ်ချယ်၊ညှင်းပန်းနှိပ်စက်မှုများကြားမှ တိုက်ပွဲဝင်နေသော ထောင်တွင်းရဲဘော်များနှင့်အတူ ရပ်တည်ကြရန် နှိုးဆော်ခြင်းဖြစ်ကြောင်း မန္တလေး သပိတ်အင်အားစုက ထုတ်ပြန်သည်။
Photos- Simple light, MRS