ရန်ကုန်၊ ဇွန် ၁၂
မလေးရှားနိုင်ငံ NLD (OC) Malaysia မှ ဦးဆောင်ကာ ကိုဂျင်မီ နှင့် ကိုဖြိုးဇေယျာသော် တို့အား အကြမ်းဖက် စစ်ကောင်စီက သေဒဏ် ချမှတ်ထားမှု အပေါ် ဆန့်ကျင် ရှတ်ချကြောင်း ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒ ထုတ်ဖော်ပွဲကို ယနေ့ မွန်းလွဲ ၁၁ နာရီအချိန်တွင် မလေးရှားနိုင်ငံ ကွာလမ်လမ်ပူမြို့တော်တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး NLD (OC) Malaysia မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ၊ ရွှေ့ပြောင်းမြန်မာ လုပ်သား များ ၊ မလေးရှားနိုင်ငံရောက် ဒီမိုကရေစီ အရေး လှုပ်ရှားသူများမှ ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။