27 C
Yangon

အရာတော်၊ မြင်းမူနှင့်ဆားတောင်မြို့တို့တွင် စစ်ကားများကို မိုင်းဆွဲခြင်းနှင့်တိုက်ခိုက်ခြင်းတို့ကြောင့် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးနိုင်

Must read

ရန်ကုန်၊ ဇွန် ၁၂

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် ဆားတောင်မြို့တို့တွင် အကြမ်းဖက်စစ်သားများ လိုက်ပါသော စစ်ကားများကို PDF များ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိကြောင်း PDF များက သတင်းထုတ်ပြန် သည်။

ဇွန်လ ၁၂ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန် အုန်းတောဘက်မှ မောင်းနှင်လာသော အကြမ်းဖက်စစ်သားများ လိုက်ပါသည့် ၁၂ ဘီးကားတစ်စီးနှင့် ၆ ဘီးကားတစ်စီးသည် မိုးကာများအုပ်လျက် မောင်းနှင်လာစဉ် စစ်ကိုင်း-ရွှေဘို ကားလမ်းပေါ် ဆားတောင်မြို့အကျော်တွင် စစ်ကိုင်းခရိုင် PDF တပ်ရင်း ၁ နှင့် မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော် ထိခိုက်သေဆုံးနိုင်ပြီး ဒဏ်ရာများလည်း ရရှိသွားကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာဘက်သို ထွက်လာသည့် တွဲကားတစ်စီးကို မုံရွာ -မန္တလေးလမ်းကြောင်းပေါ်၌ ယနေ့ဇွန်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force-MMU က သတင်းထုတ်ပြန်သည်။

စစ်ကိုင်း တပ်မ(၃၃)အထွက်၌ ရပ်ထားသည့် တွဲကား(၁၂)စီးအနက် အင်အားအပြည့် တင်ဆောင်လာသည့် တွဲကားတစ်စီးကို မြင်းမူမြိုနယ်၊ အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွားအကြားတွင် ပဒေသာမိုင်း(၅)လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ဖောက်ခွဲမှုကြောင့် ကားကိုထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သား‌ သေဆုံးမှု အခြေအနေကိုမူ မသိရသေးကြောင်း၊ တိုက်ခိုက်မှုကို မြင်းမူမြို Black Eagle Defence Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ)မှ ဦးဆောင်၍ People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ)၊ မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ- CDSOMတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဇွန်လ (၁၁ )ရက်နေ့ နံနက် ၄ နာရီ ၅၉ မိနစ် အချိန်တွင် အရာတော်မြို့ နှင့် (၅)မိုင်ခန့် အကွာ စစ်ကောင်စီ ၏ ထောက်ပို့ကား နှစ်စီး အနက် မှ ပထမဆုံး ကား အား ပဒေသာမိုင်း(၁၀)လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၎င်းကား ထိခိုက်ပျက်စီးသွားပြီး ကားပေါ်ရှိစစ်ကောင်စီတပ်သားများ ထိခိုက်၊သေဆုံးခြင်းများ ရှိကြောင်း၊ ယနေ့တွင် အရာတော်-မုံရွာ ကားလမ်းမပေါ်၌ စစ်ကောင်စီနောက်လိုက်တပ်သားများ ခြေရှုပ်လျှက်ရှိကြောင်း ၊ Danger Force LPDF မှ ဦးဆောင်၍ AMT မြေပြင်ပျောက်ကြားတပ်ဖွဲ့၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့၊ သပြေညိုပျောက်ကြားတပ်ဖွဲ့၊ Ayadaw Falcon Force(AF2) ၊Ayadaw Bone Naing (A.B.N.PDF) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-အကြမ်းဖက်စစ်ကောင်စီစစ်ကားတန်းတစ်ခု။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article