25 C
Yangon

မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး သေဆုံးခဲ့ကြောင်း Peacock Drone Team – Myaung တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၂၄ ရက် နံနက် ၁၀ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ဆုံရွာပျူစောထီးစခန်းရှိ စစ်ကောင်စီ တပ်သားများ နားနေသည့် နေရာများနှင့် jammer စက်ရှိသည့် နေရာများကို Fixed Wing Drone ၉ စီးဖြင့် အဆက်မပြတ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“အလုံး ၂၀ ကျော်ကျဲချခဲ့တာပါ။ jammer နေရာရယ်၊ စစ်သားတွေ အထိုင်ရယ်၊ အုပ်ကြီးအိမ်ရယ်၊ အဲဒီ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ၊ ထိရောက်မှုရှိခဲ့ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ဆုံရွာထဲကနေ ပြန်ပစ်တာတွေရှိတယ်။ ကျနော်တို့ရဲဘော်တွေဘေးကင်းပါတယ်” ဟု Peacock Drone Team – Myaung တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Peacock Drone Team – Myaung ၊ ယင်းမာပင် ခရိုင် တပ်ရင်း ၃၅ တပ်ခွဲ ၂၊ GZ-21 ၊ ယင်းမာပင် ခရိုင် တပ်ရင်း ၁၇ ၊ B-21 ကနီPDF ၊ NPDF ယင်းမာပင် ၊ ငါန်းဇွန်တိုက်နယ် ၁ ပကဖ ၊ Myaung Drone force M.D.F ကျားခင်စိန်တပ်ဖွဲ့ ၊ အားမာန်သစ် (ငါန်းဇွန်) ၊ Revolutionary Air Force (Myaung) ၊ 925 (ငါန်းဇွန်) နှင့် ဧရာမမြွေပွေး (ငါန်းဇွန်) အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Peacock Drone Team – Myaung အနေဖြင့် Drone missionများ အဆက်မပြတ်လုပ်ဆောင်နိုင်ရန် “အညာဝေဟင် Drone စစ်ဆင်” ကမ်ပိန်းကို ပြုလုပ်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ၀န်းရံပေး ကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article