25 C
Yangon

မြန်မာ့အရေးဖြေရှင်းရာတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲက အာဆီယံ၏ ဦးစားပေးမဟုတ်ဘဲ ရွေးကောက်ပွဲကြောင့် ပဋိပက္ခအခြေ အနေ ပိုဆိုးလာလိမ့်မည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး သတိပေး

Must read

ရန်ကုန်၊ မေ ၂၆

စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် နှစ်ဖက် ဖြစ်ပွားနေသော နိုင်ငံရေးပြဿနာနှင့် ပဋိပက္ခကို ဖြေရှင်းရာတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ အာဆီယံ၏ ဦးစားပေးမဟုတ်ဘဲ ရွေးကောက်ပွဲကြောင့် ပဋိပက္ခ အခြေ အနေ ပိုဆိုးလာနိုင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasanက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲသည် အာဆီယံ၏ ဦးစားပေး အရေးကိစ္စမဟုတ်ကြောင်း၊ ရွေးကောက်ပွဲသည် နိုင်ငံတကာတွင် အမှန်တရားကို ဖုံးကွယ်ရန် လုပ်နေသည့် အပြင်အဆင်တစ်ခုဖြစ်လျှင် လုံး၀ အဓိပ္ပာယ်မရှိကြောင်း၊ ရွေးကောက်ပွဲကြောင့် ပဋိပက္ခ အခြေအနေ ပိုဆိုးလာနိုင်ကြောင်း၊ မြန်မာ့အရေး ဖြေရှင်းရန်မှာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ရွေးကောက်ပွဲ ဟာ အာဆီယံအတွက် ဦးစားပေးအရေးမဟုတ်ပါဘူး။ ဒါတကယ်ပဲ နိုင်ငံတကာလောကရဲ့ မျက်စိရှေ့မှာ ဖုံးကွယ်ဖို့အတွက် အပြင်အဆင်လုပ်တာတစ်ခုပဲ ဖြစ်ရင်တော့ အဓိပ္ပာယ် မရှိပါဘူး။ ရွေးကောက်ပွဲက အခြေအနေတွေကို ပိုဆိုးလာနိုင်စေပါတယ်။ စစ်ကောင်စီအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာဖို့ တောင်းဆိုပါတယ်”ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

အာဆီယံအနေဖြင့် စစ်ကောင်စီထံသို့ ရှင်းလင်းပြတ်သား တိကျသော သတင်းစကား ပေးပို့ထားပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ပြီးမှသာလျှင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆွေးနွေးမှုများ လုပ်ဆောင်ရမည်ကို ပြောဆိုထားပြီးဖြစ်ကြောင်း၊ အားလုံးပါဝင်သော ညှိနှိုင်းမှု လုပ်ငန်းစဉ် အောင်မြင်ပြီးမှသာ မြန်မာနိုင်ငံသည် စစ်မှန်သော ဒီမိုကရေစီ အစိုးရတစ်ရပ် ဖွဲ့ စည်းနိုင်မည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်တစ်ဦးကို သုံးနှစ်သက်တမ်းအတွက် အမြဲတမ်း ခန့်အပ်ရန် အဆိုပြုချက်နှင့် စပ်လျဉ်း၍ အာဆီယံအဖွဲ့အတွင်း သဘောတူညီထားကြောင်း သိရှိရသည်။

မြန်မာ့အရေး ပြဿနာသည် မြန်မာနိုင်ငံတစ်ခုတည်း၏ ပြည်တွင်းရေးမဟုတ်တော့ဘဲ ဒေသတွင်းပြဿနာဖြစ်လာနေကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ ငွေကြေးခဝါချမှုများ၊ ကျားဖြန့် လိမ်လည်မှုများကြောင့် ဒေသတွင်း ပြဿနာဖြစ်လာကြောင်း၊ မလေးရှားတစ်နိုင်ငံတည်းက မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည် ၂ သိန်းကျော်ကိုလ က်ခံထားရကြောင်း ၎င်းက ဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article