31 C
Yangon

ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရုံးတာဝန်ခံနှင့် အမျိုးသမီး ၁ ဦးကို စစ်တပ်က ပစ်သတ်

Must read

ရန်ကုန်၊ မေ ၂၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ရုံး အဖွဲ့မှူး တာဝန်ခံ နှင့် အမျိုးသမီး ၁ ဦးကို အကြမ်းဖက်စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၂၃ ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် ဝက်လက်မြို့နယ်အနောက်ခြမ်း ရွာသာကြီးကျေးရွာ စစ်တပ် အထိုင်စခန်းမှ စစ်ကောင်စီ တပ်သားများက ကျေးရွာအနီးရှိ ဂျိုးဖြူကုန်း တောထဲကို စစ်ကြောင်းထိုးရန် ထွက်လာစဉ် တဲစုအတွင်းရှိနေသည် ကိုမျိုးအောင်ကို နှင့် သရက်ကြီးရွာသူ အသက် ၃၂ နှစ်အရွယ် မအိမွန်ကျော်တို့ကို ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သတ်ဖြတ်ခဲ့သည့် ကိုမျိုးအောင်ကိုသည် ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ရုံး အဖွဲ့မှူးတာဝန်ခံနှင့် CDM တရားလွှတ်​တော်ရှေ့နေ အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

“ကိုမျိုးအောင်ကိုက ကျည်ထိထားတာ များတယ်။ ညာဘက် လက်တစ်ချောင်းလုံး စုတ်ပြတ်သတ်သွားတဲ့အထိ ပစ်ခတ်ခံရတာ အမျိုးသမီးကတော့ နောက်ကျောမှာ ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးတာ ကောင်မလေးက နေတာကတော့ ဝက်လက်ထဲနေတယ်။ ဝက်လက်ထဲမှာတော့ ကွမ်းရောင်းတယ်။ ကောင်မလေးက စကစနဲ့ကျတော့ နဂိုတည်းက ဆက်စပ်မှုတွေရှိနေတယ်” ဟု ပြည်သူ့ဘက်တော်သားအဖွဲ့ သတင်းတာဝန်ခံက ပြောဆိုသည်။

ထိုသို့ ပစ်ခတ် သတ်ဖြတ်ပြီးနောက် ကိုမျိုးအောင်ကို နှင့် မအိမွန်ကျော် တို့၏ ရုပ်အလောင်းများကို တဲစုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စွန့်ပစ်ခဲ့ပြီးနောက် ဒေသပြည်သူများက ပြန်လည် ကောက်ယူကာ သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article