25 C
Yangon

ကျောက်ကြီးမြို့နယ်တွင် မင်္ဂလာဆောင်နေအိမ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သတို့သမီး နော်ကမွီးဖောအပါအဝင် သေဆုံးသူ ၁၂ ဦး အထိတိုးလာ

Must read

ရန်ကုန်၊ မေ ၂၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်နေအိမ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သတို့သမီး နော်ကမွီးဖော အပါအဝင် သေဆုံးသူ ၁၂ ဦးအထိတိုးလာကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ယမန်နေ့ မေလ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာ မင်္ဂလာဆောင်ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၁ စင်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်မှုကြောင့် အသက် ၅ နှစ် အရွယ် ကလေးငယ် ၂ ဦးနှင့် သတို့သမီး အပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးကာ အသက်မပြည့်သေးသော ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၇ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် ၁၁ လုံး၊ ဈေးဆိုင် ၁ လုံး၊ တဲ ၁ လုံး၊ ဝက်တဲ ၁ လုံး၊ လယ်ထွန်စက် ၁ လုံး၊ အိမ်သာ ၂ လုံးနှင့် စာသင်ကျောင်းခြံတို့ ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကိုင်မရှိသော ဒေသ ပြည်သူများ နေထိုင် သော ကျွန်းကြီးကျေးရွာ မင်္ဂလာဆောင်ကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို လေကြာင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၂ ဦးမှာ အသက် ၃၈ နှစ်အရွယ် နော်ဖောတာရှူ ၊ အသက် ၃၅ နှစ်အရွယ် နော်ဖောသဒါးဝါး ၊ အသက် ၅ နှစ်အရွယ် စောနေဘလုမူး ၊ အသက် ၄၆ နှစ်အရွယ် နော်ဂျူးပလီ၊ အသက် ၅ နှစ်အရွယ် နော်စုထူးထူးအောင် ၊ အသက် ၂၂ နှစ်အရွယ် သတို့သမီး နော်ကမွီးဖော၊ အသက် ၁၉ နှစ်အရွယ် မောင်သုသု ၊ အသက် ၁၄ နှစ်အရွယ် မောင်မြင့်မြတ်ဟိန်း ၊ အသက် ၅၂ နှစ်အရွယ် နော်ဘူးလာဖော ၊ အသက် ၁၇ နှစ်အရွယ် နော်စေးကဘိုဖော ၊ အသက် ၄၀ နှစ်အရွယ် နော်အယ်လားဖော ၊ အသက် ၄၄ နှစ် အရွယ် စောပုလဲ တို့ဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိသူ ၃၇ ဦးရှိပြီး ကလေးငယ်များနှင့် သက်ကြီးရွယ်အို များ ပါဝင်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article