27 C
Yangon

ဝေါ်လေ ရဲစခန်းကို KNDO ပူးပေါင်းတပ် ဝင်တိုက်၊ ရဲ ၂ ဦးသေဆုံးပြီး စခန်းမှူးနှင့် ရဲတပ်သား ၂ ဦး အရှင်ဖမ်းမိ၊ ၆၀ မမ လက်နက်ကြီးနှင့် လက်နက်ငယ် အချို့ရရှိ

Must read

ရန်ကုန်၊ ဇွန် ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါ်လေမြိုင်မြို့နယ်ခွဲရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO နှင့် ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇွန်လ ၁၃ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲ ၂ ဦးသေဆုံးကာ စခန်းမှူးနှင့် ရဲတပ်သား ၂ ဦးကို အရှင်ဖမ်းမိကြောင်း၊ ၆၀ မမ လက်နက်ကြီး ၁ လက်နှင့် လက်နက်ငယ် ၃ လက်ကို KNDO ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိကြောင်း သတင်းရရှိသည်။

” ၄ နာရီ ၂၉ မိနစ်မှာ တိုက်ပွဲစဖြစ်တယ်၊ စခန်းမှူးနဲ့ တပ်သား ၂ ယောက် အရှင်မိတယ်၊ အခြားရဲတွေ ထွက်ပြေးသွားတယ်၊ ဝေါ်လေ ဗျူဟာကုန်းကလည်း လက်နက်ကြီး ပစ်ကူတယ်၊ ဒါပေမယ့် ရဲစခန်း ကျသွားတယ်” ဟု ဝေါ်လေဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article