26 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရန်ကုန်မြို့နဲ့ မိုင် ၅၀ ကျော်အကွာ ရန်ကုန်-မန္တလေးအမြန်လမ်း၊ ပဲခူးမြို့၊ ဘောနက်ကြီးတဝိုက်က စစ်တ ဂိတ်စခန်းတွေနဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး လက်နက် ၁၆ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် တပ်ရင်းအမှတ် ၃၇၀၁ တပ်ခွဲ (ရွှေချောင်းတပ်ခွဲ) မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲကြေညာလိုက်ပြီး ရှမ်းပြည်နယ် အခြေစိုက် UWSA “၀” တပ်ဖွဲ့က မူးယစ်ဂိုဏ်းတွေနဲ့ဆက်နွယ်နေတာကြောင့် နှိမ်နင်းရန်တောင်းဆိုလိုက်ပြီး မင်းအောင်လှိုင်တို့ မဖြေရှင်းရင် ထိုင်းနိုင်ငံက ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ သက်ဆင်က ပြောဆိုလိုက်ကြောင်း ထိုင်းသတင်းဌာန The Nation မှာ ဖော်ပြထားပါတယ်။
  • အကြမ်းဖက်စစ်ကောင်စီက PDF တပ်ဖွဲ့အတွင်း စစ်တပ်ထောက်ခံတဲ့လူငယ်တွေကို ထည့်သွင်းကာ စုံစမ်းထောက်လှမ်းတာ၊ သွေးခွဲတာတွေ လုပ်ဆောင်နေလို့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လုံခြုံရေးအသိ၊ သတိ မပေါ့ဆကြဖို့ တိုက်တွန်းလိုတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article