ရန်ကုန်၊ မေ ၂၉
အကြမ်းဖက် စစ်တပ်က ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဒေါနတောင်ပေါ် ကျေးရွာတစ်ခုဖြစ်သည့် ကွီးလယ်ဆူးကျေးရွာနှင့်စာသင်ကျောင်းကို ယနေ့ ညနေပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ကလေး ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း KNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၉ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန် စစ်ကောင်စီ၏ တိုက်လေယာဉ် ၂ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေါနတောင်ပေါ် ကျေးရွာဖြစ်သည့် ကွီးလွယ်ဆူးကျေးရွာနှင့်စာသင်ကျောင်းကို ဗုံးကျဲချခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီ ညနေ ဂျက် လေယာဉ် ၂ စီးနဲ့ တိုက်ပွဲ လည်းမဖြစ် တိုက်ပွဲ နေရာနဲ့ လည်း ဝေးတယ် ဒေါန တောင်ပေါ် ရွာကို ဗုံးကျဲချတာ။ ကလေး ၂ယောက်၊ လူကြီး ၂ ယောက် ထိခိုက်ပါတယ်။ သေဆုံးတာမရှိဘူး။ ၁ ဦးက အ စိုးရိမ်ရတယ်။ ကျဲတာတော့ ကျောင်းလည်းထိတယ်။ စာသင်ချိန် မဟုတ် လို့ ကျောင်းပြန် မဖွင့် သေးလို့ ကျောင်းမှာ လူမရှိဘူး” ဟု KNLA သတင်းရင်းမြစ်က ပြောဆိုသည်။
KNLA ဦးဆောင်သော ပူးပေါင်းတပ်များက ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လာပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများဖြင့် အများပြည်သူများ၏ နေရာများကို တိုက်ရိုက် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




