27 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ သူ့ရဲ့ မိသားစုအသုံးပြုဖို့ ဝယ်ယူထားတဲ့ Airbus လေယာဉ်အတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါးအသုံးပြုခဲ့ပြီး လေယာဉ်အတွင်းပိုင်းကိုလည်း မင်းအောင်လှိုင် စိတ်တိုင်းကျ ပြင်ဆင်ခဲ့တယ်လို့ မြန်မာ့လေကြောင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီတပ်က ဗျူဟာမှူး အပါအဝင် သေ့ဘောဘိုးစခန်းကနေ အလံဖြူထောင် လက်နက်ချတဲ့သူတွေနဲ့ ထွက်ပြေးသွားတဲ့သူတွေဟာ ထိုင်းဘက်အခြမ်းကနေ တစ်ဆင့် မြ၀တီမြို့က သူတို့စစ်တပ်ရဲ့ ၂၇၅ တပ်ထဲကို ပြန်လည်ရောက်ရှိသွားပြီလို့ ထိုင်း-မြန်မာနယ်စပ် စစ်ရေး သတင်းရင်း မြစ်က ပြောထားပါတယ်။
  • တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က ဆင်စွယ်ကျေးရွာအတွင်းမှာ လှည့်ကင်းထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား ၆ ဦးကတော့ အသီးသီးသေကုန်ကြပြီးနောက် ကစဉ့်ကလျားနဲ့ ထွက်ပြေး သွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article