ရန်ကုန်၊ ဇွန် ၆
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၆ မိုင်ရွာနှင့် ၇ မိုင်ရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ၁၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်မှ စတင်၍ အကြမ်းဖက် စစ်တပ်က သပိတ်ကျင်းမြို့နယ်၊ ၆ မိုင်ရွာနှင့် ၇ မိုင်ရွာကို Y-12 လေယာဉ်ဖြင့် ၁၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးဘဲ ဒေသပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“၁၂ နာရီ လောက်ကနေ စပြီးတော့ Y-12 လေယာဉ်နဲ့ ဆက်တိုက်ကို ဗုံးကျဲ တိုက်ခိုက်နေတာ အကြိမ်ရေ ၁၃ ကြိမ်လောက် ကျဲချတိုက်ခိုက်သွားတယ်။ ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ ထိခိုက်သေဆုံးမှုရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
