26 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာစစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ ILO ကနေ ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ အဆိုတင်သွင်းတဲ့အချိန်တုန်းက ရုရှား နဲ့ တရုတ်နိုင်ငံအပါအဝင် ဘီလာရုစ် နဲ့ လာအိုနိုင်ငံတို့ကပါ ကန့်ကွက်ခဲ့ကြပေမယ့် အခုအခါမှာတော့ ILO က စစ်ကောင်စီကို Article 33 နဲ့ အရေးယူဖို့ ဆုံးဖြတ်ချက်ချလိုက်တာဟာ မြန်မာပြည်သူလူထုရဲ့ အောင်ပွဲအဖြစ် NUG က ကြိုဆိုတယ်လို့ ပြောလိုက်ပါတယ်။
  • မြန်မာနိုင်ငံတစ်ဝန်း အခုမေလ အတွင်းမှာတင် တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးချုပ်အဆင့် ၂ ဦး အပါအဝင် စစ်အရာရှိ ၁၇ ဦးကတော့ အသီးသီးသေကုန်ကြတဲ့အပြင် ဒုဗိုလ်မှူးကြီး ၁ ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရရှိထားတယ်လို့ သက်ဆိုင်ရာတော်လှန်ရေးတပ် အသီးသီးရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။
  • မန္တလေးတိုင်းက ညောင်ဦးမြို့နယ်မှာရှိတဲ့ ညောင်ဦး -ချောက် လမ်းပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီ ဘက်က ဗိုလ်ကြီး ညီညီမျိုးဆွေ နဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော် ဆိုသူတို့ ၂ ဦးကို တောလှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article