တောင်ကိုရီးယားနိုင်ငံ အင်ချွန်း ၊ဘူဖျောင်းမြို့တွင် (ပွင့်လန်းပါစေ မြန်မာပြည်) ဟု အမည်ပေးထားသည့် မြန်မာ့အရေးဓာတ်ပုံပြပွဲကို ဇွန်လ ၇ ရက်နေ့ နေ့လယ် ၁၂နာရီမှ ညနေ ၆နာရီအထိ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဓာတ်ပုံပြပွဲကို ကိုရီးယားနိုင်ငံတွင် ၁၉၈၇ ခုနှစ် ဇွန်လ ၁၀ရက် ကျောင်းသားအရေးခင်း ဖြစ်ပွားခဲ့သည့် ဒီမိုကရေစီအရေးအခင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကိုရီးယားအဖွဲ့အစည်းများနှင့် မြန်မာအဖွဲ့အစည်းများ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိမြန်မာ့ဒီမိုကရေစီအရေး ဓာတ်ပုံပြပွဲကို yanmar.VOM နွေဦးစင်တာက ဦးစီး၍ MFDMC ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား) နှင့်အတူ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ဓာတ်ပုံများကို ယနေ့ ဇွန်လ ၇ရက် စနေနေ့ နံနက် ၁၂နာရီမှ စတင်၍ ညနေ ၅နာရီအထိ ဘူဖြောင်းဘူတာရှေ့ ပြည်သူ့ရင်ပြင်အဝိုင်းတွင် ခင်းကျင်း ပြသခြင်းဖြစ်ပြီး ဇွန်လ ၈ရက်တွင်လည်း ဓာတ်ပုံပြပွဲ ဆက်လက်ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။


