တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအလိုမရှိ ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒပြပွဲကို MFDMC မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပြည်ပထောက်ပို့၊RAM ဒယ်ဂူး၊အသောကသုခ ဂူမိထောက်ပို့အဖွဲ့များ ဦးဆောင်ပြီး ဆန္ဒပြအင်အားစုများက “တရုတ်အစိုးရ မြန်မာ့နိုင်ငံရေး ဝင်ရောက်စွက်ဖတ်မှုချက်ချင်းရပ်” စသောကြွေးကြော်သံများကြွေးကြော်ခဲ့ကြောင်း၊ တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက အဆိုတော်ပိုပို တောင်ကိုရီးယားတွင် ဖျော်ဖြေသီဆိုကာ ပြဿနာတက်သွားသည်ကို နမူနာယူပြီး စကစဘက်တော်သားများကို သတိထားအားပေးသင့်ကြောင်း သတိပေးပြောကြားခဲ့ပြီး တော်လှန်ရေးအောင်မြင်ပြီးဆုံးသည့်အထိဆက်လက်ပါဝင်ကြရန် တိုက်တွန်းစကားမိန့်ကြားခဲ့သည်။


