30 C
Yangon

Breaking News- ရန်ကုန်-မန္တလေး အမြန်လမ်းတွင် နမ့်စန်လေတပ်အတွက် လေယာဉ်ဆီ သယ်ဆောင်လာသော ဆီဘောက်ဆာကား ၁ စီးကို စစ်သား ၂ ဦးနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ဇွန် ၈

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် နမ့်စန်လေတပ်အတွက် လေယာဉ်ဆီ သယ် ဆောင်လာသော ဆီဘောက်ဆာကား ၁ စီးကို စစ်သား ၂ ဦးနှင့်အတူ တော် လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရရှိကြောင်း Aung San’s Land Natmauk ပြည်သူ့ကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်း နတ်မောက်မြို့နယ်ဘက်မှ အမြန်လမ်းမပေါ်သို့ ထွက်ခွာလာ သော အကြမ်း ဖက်စစ်ကောင်စီ၏ လေယာဉ်ဆီဘောက်ဆာ ကား (ယာဉ်အမှတ် 2B-8525) ကို ရန်ကုန် -မန္တလေးအမြန်လမ်းမပေါ် မိုင်တိုင် ၂၆၂ အနီးတွင် စစ်ဆေးကာ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ် ကြောင်း၊ ယင်းကားသည် ပြည်သူများကို လေကြောင်းဖြင့် ဗုံးကျဲသတ်ရန် လေယာဉ်ဆီများကို ကြိမ် ဖန်များစွာသယ်ဆာင်ပေးနေသည့် ယာဉ် ၁ စီးဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့မနက်ပဲ ဖမ်းမိတာပါ၊ ဆီဘောက်ဆာကားထဲမှာ ဆီအပြည့်နဲ့ပဲ၊ အရာခံဗိုလ်မင်းထွဋ်ရဲ့ လက်ပါး စေ ၂ ယောက်နဲ့အတူ ဖမ်းမိခဲ့တယ်။ လက်ရှိတော့ ဖမ်း မိတဲ့သူတွေကို စစ်ဆေးနေတုန်းပါ။ ရဲဘော် တွေ အားလုံးလည်း လုံခြုံတဲ့နေရာရောက်ပါပြီ” ဟု Aung San’s Land Natmauk ပြည်သူ့ကာကွယ် ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ ဖမ်းဆီးမှုကို Aung San’s Land Natmauk ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ် ပြီး လေယာဉ်ဆီဘောက်ဆာကားနှင့်အတူ ဖမ်းဆီးရရှိခဲ့သည့် အရာခံဗိုလ်မင်းထွဋ်၏ လက်ပါးစေ နှစ် ဦးကို စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article