27 C
Yangon

ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းထံ စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဇွန် ၈

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းထံ အကြမ်းဖက် စစ်တပ်မှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း PDF Dawei District Battalion 1 မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၇ ရက်နေ့တွင် စစ်မှုထမ်း တပ်သား ၁ ဦးသည် သေနတ် ၁ လက် ယူဆောင်လာပြီး ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းထံ အလင်းဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်မှုထမ်း တပ်သားသစ်သည် MA-1 သေနတ် ၁ လက် ၊ ကျည်ဘောက် ၆ ခု ၊ ကျည်ဆံ ၁၅၀ တောင့် ၊ ၁၄ မိုင်း ၁ လုံး တို့ယူ‌ဆောင်လာပြီး အလင်းဝင်ရောက်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မတရား ပေါ်တာဆွဲ ဖမ်းဆီးခံရ‌သော စစ်မှုထမ်း တပ်သားသစ်များ အနေဖြင့် အလင်းဝင်ရောက်မည်ဆိုပါက ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းကို ဆက်သွယ် ဝင်ရောက်နိုင်ကြောင်း အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article