20 C
Yangon

စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကွန်တင်နာကား ၄ စီး မိုင်းဆွဲတိုက်ခိုက်ခံရကာ ၂ ဦးသေဆုံး၊ မန္တလေးတွင်လည်း ဒဏ်ရာရ စစ်သားများ တင်ဆောင်လာသည့် စစ်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ၊ ဆောတွင်လည်း စစ်တပ် စစ်ကြောင်း ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၄

စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသော စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် Container ကား ၄ စီးကို ယနေ့ ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၅ဝ မိနစ်တွင် မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) က ချောင်းဦးနှင့် မြင်းမူကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း MRA တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော Container ကား ၄ စီးကို မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) က ၂ နေရာခွဲကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ မုံရွာ နမခ စစ်ဆေးရုံသို့ စစ်တပ်က သယ်ဆောင်သွားပြီး MRA တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်း ၉ဝ၊ ၉၁ ကြားရှိ ရေကြောင်းရုံးမှ မြန်မာနိုင်ငံ အထက်ပိုင်း တိုက်ပွဲများမှ ဒဏ်ရာရ စစ်သားများကို တင်ဆောင်လာသည့် စစ်ကားများကို မြို့ပြပြောက်ကျား တပ်ဖွဲ့မှ ဇွန်လ ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Generation Z Power (Mandalay) တပ်ဖွဲ့ထံမှ သိရသည်။

ဒဏ်ရာရစစ်သားများ တင်ဆောင်လာသော ကားကို Generation Z Power (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျား တပ်ဖွဲ့က ပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် စစ်သားများစွာ ထိခိုက်နိုင်ပြီး စစ်ကား အကြီး ၁ စီးထိခိုက် ပျက်စီးခဲ့ကြောင်း Generation Z Power (Mandalay) တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆော-ကျောက်ထုလမ်းပိုင်း ပိန်းချောင်း တံတားအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၁၄ ရက်နေ့တွင် စနိုက်ပါများ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်တို့တွင် ကန်ပက်လက်မြို့နယ်၌ ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး အထိနာကာ ပြန်လည်ဆုတ်ခွာလာစဉ် PDF-SAW တပ်ရင်း၂ (YRPA) နှင့် The Youth Forth (Saw&Kyaukhtu) တပ်ဖွဲ့တို့က စနိုက်ပါများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၂ ဦးသေဆုံးကာ ၁ဝ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article