27 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၅ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်ကို KIAနဲ့ အင်းတော် PDFတို့ပူးပေါင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးခဲ့တယ်လို့ Indaw Revolution က ထုတ်ပြန်ပါတယ်။ ဇွန် ၁၄ ရက်နံနက် ၉နာရီခွဲမှာ အင်းတော်မြို့နယ် အလယ်ဆိပ်ရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုနဲ့ စစ်ထိုး လာပြီးနောက် ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
– ရန်ကုန်မြို့မှာ ပြောက်ကျားဆန္ဒပြသပိတ်တွေကို ဖော်ဆောင်နေတဲ့လူငယ် ၅၀ ကျော် ဇွန်လ ၁၃ ရက်နေ့ မနေ့က ညပိုင်းမှာ အဖမ်းခံခဲ့ရတယ်လို့ ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရပါတယ်။
– အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့မတွေ့ဆုံလိုဘူးလို့ ကြေညာထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(ERO)တွေကို တွေ့ဆုံလိုတယ်လို့ စစ်ကောင်စီက ဒုတိယအကြိမ် ထပ်ခေါ်နေပါတယ်။
– ငြိမ်းချမ်းနေတဲ့ရခိုင်ပြည်မှာ စစ်ကောင်စီက နောက်ထပ်စစ်ပွဲတစ်ခုအတွက် ပြင်ဆင်နေတဲ့အနေအထားတွေကို မြင်တွေ့နေရပြီး ရန်လိုတဲ့အပြုအမူတွေကို လက်ပိုက်ကြည့်မနေဘူးလို့ ရက္ခိုင်တပ်တော်ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article