33 C
Yangon

မူလတန်းကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံးစေခဲ့သော ကျုံဒိုး၊ ပိုင်ရပ်ကျေးရွာ နေအိမ်စာသင်ကျောင်းကို စစ်လေယာဉ်ဖြင့် ဗုံးကျဲရာတွင် နိုင်ငံတကာက ပိတ်ပင်ထားသော Cluster ဗုံးအမျိုးအစား စစ်ကောင်စီက အသုံးပြု

Must read

ရန်ကုန်၊ ဇွန် ၁၁

မူလတန်း ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံးစေခဲ့သော ကျုံဒိုး၊ ပိုင်ရပ်ကျေးရွာ နေအိမ်စာသင်ကျောင်းကို စစ်လေယာဉ်ဖြင့် ဗုံးကျဲရာတွင် နိုင်ငံတကာက ပိတ်ပင်ထားသော Cluster ဗုံးအမျိုးအစား စစ်ကောင်စီက အသုံးပြုခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။

ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် စစ်ကောင်စီတပ်က ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ပိုင်ရပ်ကျေး ရွာအတွင်းသို့ တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များတွင် ပညာသင်ယူနေသော အသက် ၆ နှစ်နှင့် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦး၊ အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး ၊ အသက် ၄၀ နှစ်အရွယ် ကျောင်း ဆရာမ ၁ ဦး နှင့် အသက် ၆၅ နှစ် အရွယ် အမျိုးသားပြည်သူ ၁ ဦး တို့ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ကျောင်းသူ/ကျောင်းသား ၁၈ ဦးအပါအဝင် ၂၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁၀ လုံးနှင့် ဘုန်းကြီးကျောင်း ၁ ဆောင် ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ထိခိုက်သေဆုံးသွားသော ကလေးငယ်များနှင့်ဒဏ်ရာရ ကလေးငယ်များမှာ Grade 1 နှင့် Grade 2 မူလတန်းကျောင်းသူ/ကျောင်းသား များဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲရာတွင် နေပြည်တော်လေတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်းဖြစ်ပြီး ကျဲချခဲ့သော ဗုံးမှာလည်း နိုင်ငံတကာက ပိတ်ပင်ထားသော ဆင့်ကွဲပေါက်ကွဲစေသည့် Cluster ဗုံး အမျိုးအစားဖြစ်သည်ကို တွေ့ရှိရကြောင်း KNU ကဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများကို ရန်သူသဖွယ် ပစ်မှတ်ထားကာ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ နှင့် အပြစ်မဲ့ အရပ်သားပြည်သူ နေထိုင်သည့်နေရာများအား ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်လံဗုံးကျဲသတ်ဖြတ်နေကြောင်း KNU က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article