25 C
Yangon

သထုံမြို့နယ်တွင် စစ်တပ်၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံး၊ ရေစကြိုတွင် စစ်ကောင်စီတပ်ဖွဲ့ ၂ ကြိမ် မိုင်းခွဲခံရပြီး ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၅

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ နယ်မြေ၊ သထုံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ပူးပေါင်းတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA ပူပေါင်းတပ်ဖွဲ့ကြား ယမန်နေ့ ဇွန်လ ၁၄ ရက်တွင် ၇ နာရီကြာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရကြောင်း PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဇွန်လ ၁၄ ရက် နံနက် ၆ နာခန့်တွင် ထုံးဘိုလေးကျေးရွာနှင့် ဝီယော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့၊ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) BGF ပူးပေါင်းတပ်ဖွဲ့နှင့် KNLA တပ်ရင်း ၂၊ PDF ကြား နေ့လယ် ၁ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရသည်ဟု KNU တပ်မဟာ ၁၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

တိုက်ပွဲအတွင်း KNLA၊ PDF ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီတပ်ဖွဲ့သည် ထုံးဘိုလေးကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ရေစကြိုမြို့နယ် ဆင်ချောင်းကျေးရွာနှင့် ဇီးကုန်ကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ရေစကြို PDF က ၂ ကြိမ် မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဇွန်လ ၁၄ ရက် ညနေ ၆ နာရီခန့်တွင် ဆင်ချောင်းကျေးရွာနှင့် ဇီးကုန်းကျေးရွာကြား လယ်ကြီးတံတားအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသော ကား ၁ စီး မိုင်းခွဲခံရကာ ကားအနောက်ပိုင်း ထိမှန်သွားကြောင်း၊ အဆိုပါ ကား အနောက်မှ ဆိုင်ကယ်ဖြင့် လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ကို ထပ်မံ မိုင်းခွဲရာ ၃ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရသွားကြောင်း ရေစကြို PDF က သတင်းထုတ်ပြန်သည်။

မိုင်းခွဲတိုက်ခိုက်ပြီး ရေစကြို PDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – ရေစကြို PDF က စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်စဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article