27 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီကို မဘသ ဘုန်းကြီးတွေက တောင်းဆိုမှုကြောင့် မင်းအောင်လှိုင်ကနေ ဘုန်းကြီးကျောင်းတွေ အတွက် လိုင်စင်မဲ့ကားတွေကို မြို့နယ်သံဃာနာယကအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ ပြန်လည် စီးနင်းခွင့်ပြုလိုက်ပြီး ၊ ကျန်တဲ့လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုတော့ ဆက်လက်ဖမ်းဆီးနေ တယ်လို့ သိရပါတယ်။
  • ပဲခူးတိုင်းက ပေါက်ခေါင်းနဲ့ ပေါင်းတည်မြို့နယ်တွေမှာ စစ်ကြောင်းထိုးပြီး ရွာစဉ်လှည့်လည် မီးရှို့နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းတိုက်ခိုက် ခြေမှုန်းမှု အတွင်း စစ်ကောင်စီတပ်သား ၁၁ ဦးရဲ့ အလောင်းတွေနဲ့အတူ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိထားတယ်လို့ အမှတ် ၃၆၀၁ PDF တပ်ရင်းရဲ့ တာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အားလုံး နေရပ်ပြန်နိုင်ရေးအတွက်ဆိုရင် ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် AA ပါ ပါဝင်ရမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ကုလ မှာ တရားဝင် ထုတ်ဖော်ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article