ရန်ကုန်၊ ဇွန် ၁၅
ရန်ကုန်မြို့လယ်ခေါင်တွင် “သေဒဏ်ပေးလျှင် မုချ လက်တုံ့ပြန်မည်” ဟူသော စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာကို ယနေ့ နံနက်ပိုင်းတွင် ချိတ်ဆွဲ၍ လှုပ် ရှားကြောင်း AMM ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
ဇွန်လ ၁၅ ရက်၊ ယနေ့ ရန်ကုန်မြို့တစ်နေရာတွင် Revolution Force (RF), Youths Union နှင့် တော်လှန်ရေး အင်အားစုများစုပေါင်း၍ “သေဒဏ်ပေးလျှင် မုချ လက်တုံ့ပြန်မည်” ဟူသော စာသားအား ချိတ်ဆွဲကြခြင်းဖြစ်သည်။
လူထုအတွက်တိုက်ပွဲဝင်ခဲ့ကြသော ကိုဂျင်မီ၊ကိုဇေယျာသော်၊ကိုလှမျိုးအောင် နှင့်ကိုအောင်သူရဇော် တို့အား အကြမ်းဖက် စစ်အုပ်စုမှ သေဒဏ်ပေးခြင်းကို ရင်ဆိုင်နေရကြောင်း၊ လူ့အခွင့်အရေးအား အမျိုးမျိုးအဖုံဖုံသောလုပ်ရပ်တို့ဖြင့် ချိုးဖောက်နေကျဖြစ်သော ဖက်ဆစ်စစ်အုပ်စုသည် တရားဥပဒေကို ဂုတ်ခွ စီး၍ တရားသောသူတို့၏ တော်လှန်သွေးကို အငမ်းမရ သောက်သုံးတတ်သော အမူအကျင့်ရှိခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း ၊ “ထို့ကြောင့် ဇွန်လ ၁၅ရက်နေ့ Revolution Force (RF),Youths Union နှင့် တော်လှန်ရေး အင်အားစု များစု ပေါင်း၍ “သေဒဏ်ပေးလျှင် မုချလက်တုံ့ပြန်မည်” ဟူသော စာသားအား ရန်ကုန်မြို့တနေရာတွင် ချိတ်ဆွဲ၍ စစ်အုပ်စုအကို ပြင်းပြင်း ထန်ထန် သတိ ပေးလိုက်သည်” ဟု စာသားချိတ်ဆွဲ သတိပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
Photo Credit- AMM