26.7 C
Yangon

KNU ဗဟိုဌာနချုပ်ရုံးနယ်မြေအနီးသို့ စစ်ကောင်စီက အသေခံဒရုန်း ၇ စီးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဇွန် ၁၂

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၇ နယ်မြေ၊ KNU ဗဟိုဌာနချုပ်နယ်မြေအနီးသို့ စစ်ကောင်စီက အသေခံဒရုန်း ၇ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU သတင်းရင်းမြစ်များက ပြောဆိုသည်။

ယမန်နေ့ ဇွန် ၁၁ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန် စစ်ကောင်စီတပ်က အသေခံဒရုန်း ၇ စီးဖြင့် KNU တပ် မဟာ ၇ နယ်မြေ၊ KNU ဗဟိုဌာနချုပ်ရုံးအနီးသို့ အသေခံဒရုန်း ၇ စီးဖြင့် စစ်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ အသေခံဒရုန်း ၇ စီးအနက်မှ ၅ စီးပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

” KNU ဗဟိုဌာနချုပ်ကို အသေခံဒရုန်း ၇ စီးနဲ့ ဗုံးကျဲတယ်။ ၅ လုံးပေါက်ကွဲတယ်။ ပေါက်ကွဲတာက ဆန်ဂိုဒေါင်အနီး နဲ့ KNU ဗဟိုဌာနချုပ် အခမ်းအနားခန်းမဆောင်အနီးပေါက်ကွဲတယ်။ လူတော့ ထိခိုက်မှုမရှိဘူး” ဟု KNU သတင်းရင်းမြစ်က ပြောဆိုသည်။

KNU ဗဟိုဌာနချုပ်ကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲမှုမှာ ယခုအကြိမ်ဆိုလျှင် ၃ ကြိမ်မြောက်ဖြစ်ပြီး ယခုနှစ်ဇန်နဝါရီလနှင့် ၂၀၂၄ ခုနှစ်အောက်တိုဘာလအတွင်းကလည်း ၂ ကြိမ် အသေခံဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ဖူးသည်။

ယခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း KNU ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၇ နယ်မြေ၊ KNU ဌာနချုပ်ရုံးကို ကာမီကာဇီ အသေခံဒရုန်း ၂ လုံး တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် KNU တပ်မဟာ ၇ နယ်မြေ၊ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုဌာနချုပ်ရှိရာ နေရာကိုလည်း ကာမီကာဇီဒရုန်း ၄ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ – KNU နေရာများသို့ စစ်ကောင်စီတပ်က တိုက်ခိုက်ရာတွင် အသုံးပြုခဲ့ဖူးသည့် အသေခံဒရုန်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article