ဒီကနေ့ ဇွန် ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မကွေးတိုင်းက ငဖဲမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်ကနေ ထွက်ပြေးလာတဲ့ စစ်သား ၂၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့ အတူ တော်လှန်ရေးတပ်တွေက အရှင်ဖမ်းမိထားတယ်လို့ CDF – Asho တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ထိုင်း-မြန်မာနယ်စပ် မှာ KNLA –PDF ပူးပေါင်းတပ်တွေက အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်း တွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်လာနေတဲ့အချိန် တနင်္သာရီတိုင်းဘက်အခြမ်း ထိုင်းမြန်မာနယ်စပ်က စစ်ကောင်စီရဲ့ ငါးရံ့နီ တပ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သား အယောက် ၃၀ ဝန်းကျင်ဟာ စခန်းကို ထားခန့်ပြီး ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးသွားကြပြန်တယ်လို့ KNLA-PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီတပ်က သူတို့ဘက်က စစ်တပ်စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) တို့နဲ့ အမှုဖွင့်လိုက်ပြီ ဖြစ်သလို ၊ အဲဒီ စစ်တပ်လော်ဘီ ဇော်ဘုန်းဟိန်းအတွက် ဆန္ဒပြ လှုံ့ဆော်မှုတွေ မလုပ်ကြနဲ့ဆို ပြီးတော့လည်း မဘသဘုန်းကြီး သင်္ကန်းခြုံ ပေါက်ကိုယ်တော်ဆိုသူကလည်း ပြောထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
