25 C
Yangon

ရေဖြူမြို့နယ်၊ ဧကနိကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာ‌သည့် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၃

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာ‌သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ က ပြောဆိုသည်။

မေလ ၂၉ ရက်နေ့တွင် ရေဖြူမြို့နယ်၊ ဧကနိကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာ‌သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ရေဖြူမြို့နယ် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့တို့ ၂ ရက်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး ထက်မနည်း သေဆုံးကာ ထိခိုက် ဒဏ်ရာရသူ အများအပြားရှိပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဖြူပကဖ) ၊ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း ၊T1 ၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်(TPLF) သာဂရစစ်ကြောင်း ၊ ဒေါနတပ်ရင်း ၊ တပ်ခွဲ-၆(ဝေဟင်)၊ တပ်ခွဲ-၇(LPF) ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ ၊ ရွှေဘီလုံး တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ် ပူးပေါင်း မဟာမိတ်အဖွဲ့သည် စုဖွဲ့မှု ပိုမိုကောင်းမွန်စွာဖြင့် အကြမ်းဖက် စစ်‌ကောင်စီတပ်ကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ တပ်သားများအနေဖြင့်လည်း ပြည်သူလူထုနှင့် အတူ အမြန်ဆုံး ပူးပေါင်းပါဝင်ကြရန် ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article