27 C
Yangon

၁ လနီးပါးအတွင်း အကြမ်းဖက်စစ်သား ၃၅ ဦးကို စနိုက်ပါဖြင့် ပစ်ခတ်သုတ်သင်နိုင်ဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ ထုတ်ပြန်

Must read

ရန်ကုန်၊ ဇွန် ၁၅

ရှမ်း-ကရင်နီအစပ်၊ ဖယ်ခုံမြု့နယ်နှင့် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲများတွင် မေလ ၂၀ ရက်မှ ဇွန်လ ၁၅ ရက်နေ့အထိ ၁ လနီးပါးအတွင်း အကြမ်းဖက်စစ်သား ၃၅ ဦးကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မေလ ၂၀ ရက်နေ့တွင် ဖယ်ခုံမြို့၊ မိုးဗြဲအင်းအရှေ့ဘက်ကမ်း၊ လွယ်ပေါစေတီ တောင်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ်ရာ ၆ ဦးသေဆုံးကြောင်း၊ ဆီးမီးလေ့ကျေးရွာရှိ စစ်ကောင်စီ ကင်းစခန်းကို ပစ်ခတ်ရာ ၃ ဦး သေဆုံးခဲ့ကြောင်း၊ မေလ ၂၁ ရက်တွင် ဆီးမီးလော့ရှိ စစ်ကောင်စီစခန်းကို စနိုက်ပါဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးကြောင်း မေလ ၂၂ ရက်နေ့တွင် လွယ်ပေါတောင်ခြေရှိ စစ်ကောင်စီစခန်းကို ပစ်ခတ်ရာ ၁ ဦးသေဆုံးကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ဆိုသည်။

ဇွန်လ ၇ ရက်နေ့တွင် ဆီမီးလော့ရှိ စစ်ကောင်စီကင်းစခန်းကို ထပ်မံ ပစ်ခတ်ရာ စစ်သား ၆ ဦး သေဆုံးကြောင်း၊ ဇွန်လ ၁၀ ရက်နေ့တွင် လဟယ်ကျေးရွာနှင့် လွယ်မကူးတောင်တွင် တပ်စွဲထားသော စစ်ကောင်စီစခန်းကို ပစ်ခတ်ရာ စစ်သား ၈ ဦးသေဆုံးကြောင်း သိရှိရသည်။

ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက်များတွင် ဖရူဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာ၌ ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်သား ၇ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများတွင် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့အနေဖြင့် မဟာမိတ် PDF များ၊ ကရင်နီတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article