25.4 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ရန်ကုန်မြို့က လမ်းမတော်မြို့နယ် နဲ့ ကမာရွတ်မြို့နယ်တွေမှာ စစ်ကောင်စီဘက်က ရဲတပ်ဖွဲ့နဲ့ စစ်တပ်က မွေးထားတဲ့ ပျူစောထီးတွေအကြား ပစ်ခတ်မှုဖြစ်တဲ့အထိ အချင်းများ ရန်ဖြစ်မှုတွေ ပေါ်ပေါက်လာသလို ၊ အဲဒီပျူစောထီးအဖွဲ့တွေက ရဲကဖမ်းပေမယ့် စစ်တပ်က ပြန်လွှတ်ခိုင်းခဲ့တယ်လို့ စစ်တပ်သတင်းရင်းမြစ်က ပြောထားသလို ဒေဿခံပြည်သူတွေကလည်း ပြောထားကြပါတယ်။

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းတွေကို နိုင်ငံတော်ပုန်ကန်မှုမှာ ပူးပေါင်းပါဝင်မှု အပါအဝင် ပုဒ်မများစွာနဲ့ တရားစွဲအရေးယူမည့် ဥပဒေကို ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြု ကော်မတီ (CRPH) က ပြဋ္ဌာန်းလိုက်ပါတယ်။

စစ်ကိုင်းတိုင်းက ရွှေဘိုမြို့နယ်၊ ဆယ်ပင်ကျွန်း ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ပျူစောထီး ၁၈ ဦးကို အရှင်ဖမ်းမိထားတဲ့အပြင် ၊ သေနတ် ၁၀ လက်ကိုပါ သိမ်းဆည်းရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article